Main menu

မော်လမြိုင်မြို့တွင် ၂ဝ၂၅ ခုနှစ်၊ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

Powered by Drupal

         ၁၉.၃.၂၀၂၅ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အနောက်တပ်မြေလမ်းရှိ မွန်ပြည်နယ်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ် နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာ၀န်ကြီး၊ ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက ပြည်နယ် ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပထမပိုင်း အစီအစဉ် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

            ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်း ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြည်နယ်ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်၍ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ဒုတိယပိုင်းအစီအစဉ် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)