Main menu

စစ်တွေမြို့ အထကခွဲကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

Powered by Drupal

         ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း(ဦးစီးအရာရှိ) ဦးဆောင်ပြီး စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည်(၁၅.၆.၂၀၂၂)  ရက်နေ့  ‌နေ့လည်(၂:၀၀)နာရီအချိန်တွင် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် စစ်တွေခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဉပဒေပါအချက်အလက်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး စစ်တွေမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာရှုံးဆုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများအားလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အဓိကဦးစားပေးဖတ်ရှုသင့်ကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူ (၁၂၀)ဦးအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ် အား‌ပေးအပ်ခြင်းနှင့် ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)