Main menu

သထုံမြို့နယ်၊ ဘူတာလမ်းပေါ်ရှိ (မင်းကြီး) မုန့်မျိုးစုံလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ၁၉.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊‌ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းတို့သည် သထုံမြို့နယ်၊ ဘူတာလမ်းပေါ်ရှိ (မင်းကြီး) မုန့်မျိုးစုံလုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သထုံခရိုင်၊ သထုံမြို့၊ ဘူတာလမ်းပေါ်ရှိ (မင်းကြီး) မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားအတည်ပြုချက် ရယူထားပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပြဠာန်းချက်နှင့်အညီ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါသော မုန့်မျိုးစုံကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မွန်)