
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ပါ(၂)ဦးတို့သည် ၁၈.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် အမှတ်(၁၀၈)၊ ဒီပဲယင်း ဝန်ထောက်ဦးမြဲလမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာမြို့နယ်ရှိ One Tea Myanmar နို့ဆီချက်စက်ရုံ သို့ ကွင်းဆင်းစုံစမ်းခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစုံစမ်းခဲ့ရာ စက်ရုံအထွေထွေမန်နေဂျာ ဦးအောင်ဟန်က ထုတ်လုပ်နိုင်မှု စွမ်းအားမှာ တစ်နေ့လျှင် နို့ဆီ(၇)တန်မှ (၈)တန်အထိ ထုတ်လုပ်နိုင်ပြီး လက်ရှိအခြေအနေတွင် ဈေးကွက်အခြေအနေအရ တစ်လလျှင် ပျမ်းမျှတန်(၄၀)ထုတ်လုပ်လျက်ရှိပြီး နို့ဆီထုတ်လုပ် ရာတွင် အသုံးပြုသော Palm Oil၊ Milk Powder ၊ သကြား၊ ရေတို့အသုံးပြုရပြီး Palm Oil နှင့် Milk Powder ကို ပြည်ပမှ တင်သွင်းရပါသည်။ သကြားကုန်ကြမ်းအား ပြည်တွင်းမှထွက်ရှိသော သကြားကိုသာ အသုံးပြုထားပြီး ယခုလက်ရှိတွင် ကုန်ကြမ်းလက်ကျန်မှာ (၂)လစာခန့် ကျန်ရှိ နေသေးကြောင်း သိရှိရပါသည်။ ဈေးကွက်တွင် ပစ္စည်းပြတ်လပ်မှုမရှိဘဲ သွားလာရန် ခက်ခဲ သောဒေသများတွင် ကုန်ပစ္စည်းပို့ဆောင်နိုင်ခြင်းမရှိခြင်းကြောင့် ထုတ်လုပ်မှုပမာဏ (၃၅%) ဝန်းကျင်ကျဆင်းနေကြောင်း စသည့်ကွင်းဆင်းစုံစမ်းမှုအရ သိရှိရပါသည်။
DOCA(ရန်ကုန်)