
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင်များ အသင်းမှ (၃)ဦးတို့ပူးပေါင်းပါဝင်လျက် ၁၈.၃.၂၀၂၅ ရက်နေ့ ညနေ(၀၃:၅၀)နာရီအချိန်တွင် ဆီကိုယ်စားလှယ်များ ဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် လက်ကားကိုယ်စားလှယ်ဖြစ်သော ဦးအောင်ဇော်မြင့်သည် မိမိရရှိ သော ခွဲတမ်းအား မြို့နယ်(၅)မြို့နယ်၊ ရွာပေါင်း(၅၇)ရွာအား သတ်မှတ်ဈေးနှုန်းအတိုင်း အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးပေးပါကြောင်း၊ လှည်းကူးမြို့ပေါ်ရှိ လက်လီကိုယ်စားလှယ်များ ဖြစ်သော ဦးစိန်သန်း၊ ဦးကျော်ကျော်ဦးနှင့် ဒေါ်စိန်ရွှေမြတို့မှ မိမိတို့ရရှိသောခွဲတမ်းအား ရပ်ကွက်အတွင်းရှိ စားသုံးသူ ပြည်သူများသို့ စာအုပ်စနစ်ဖြင့် နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၅) နာရီထိ ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိဘဲ အလေးချိန်လည်း မှန်ကန်ပြည့်ဝစွာချိန်တွယ်ပေးပါ ကြောင်း၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)