Main menu

ရတနာသီရိဈေးရှိ လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ၁၈.၃.၂၀၂၅ ရက်နေ့ နေ့လယ် (၁၁:၅၀) နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ ရတနာသီရိဈေးရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ စစ်ဆေးခဲ့ရာတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင်များအသင်းမှ (၃)ဦးတို့ပါဝင်လျက် ဈေးအတွင်းရောင်းချနေသော ဒေါ်ခင်မြင့်၊ ဦးလှမြင့်၊ ဒေါ်ဝေမိုးခိုင်၊ ဦးကျော်မြင့်၊ ဦးမင်းမင်းစိုး၊ ဒေါ်ဝင်းဝင်းမြင့်နှင့် ဦးနန္ဒတို့အား စစ်ဆေးခဲ့ရာ နေ့စဉ် လက်ကားကိုယ်စားလှယ်များရရှိသော ခွဲတမ်းများအား နံနက်(၈)နာရီမှ ညနေ(၅)နာရီ ရောင်းချပေး ကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်မှရရှိသော ဈေးနှုန်းကို (၂%)အမြတ်သာတင်၍ ရောင်းပါကြောင်း၊ မိမိတို့ဌာနမှလည်း သတ်မှတ် စည်းကမ်းချက်များအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)