
၁၈.၃.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၂၀) နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ ဝန်ထမ်း(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင်များအသင်းမှ (၃)ဦးတို့လိုက်ပါလျက် မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဈေးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဈေးအတွင်းရောင်းချနေသော လက်လီအရောင်းဆိုင် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပေးပြီး၊ ရရှိသောစားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ စာအုပ်စနစ်ဖြင့် အလေးချိန်မှန်ကန်စွာ စားသုံးသူပြည်သူများထံသို့ စနစ်တကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)