
၁၈.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမျိုးအေး၊ ဦးစီးအရာရှိပါ (၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်ကော်ဖီထုပ်များ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင် မင်္ဂလာဈေးမှ ဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် ဈေးအတွင်း ရောင်းချနေသော ပြည်တွင်းထုတ်အသင့်သောက် ကော်ဖီအမျိုးအစားများဖြစ်သည့် Premier 3 In 1, BEST, Sunday, Super Coffee, Happy, Platinum တို့မှာ အထုပ်(၃၀)ပါ အမျိုးအစားအလိုက် ဝယ်ဈေး၊ ရောင်းဈေးများနှင့် လွယ်ကူစွာဝယ်ယူရရှိနိုင်ကြောင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း ကွင်းဆင်းဆောင်ရွက်ချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)