Main menu

လှည်းကူးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ (၄)ဦးတို့သည် ၁၈.၃.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် လှည်းကူးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် အသင့်သောက်ကော်ဖီထုပ်များအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း အသင့်သောက်ကော်ဖီထုပ်များ ဖြစ်သည့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ၊ လွယ်ကူစွာဝယ်ယူရရှိနိုင်မှုရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ဒေါ်စန်းစန်းအေးနှင့် ရဲမာန်ကုန်မျိုးစုံ ဆိုင်တို့တွင် Platinum BEST, Premier 3 In 1, ပြည်တွင်းထုတ်အသင့်သောက် ကော်ဖီထုပ်များသည် လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီး ပစ္စည်းများလည်း ပြတ်လပ်မှုမရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သိရှိရပါသည်။

DOCA(ရန်ကုန်)