Main menu

တိုက်ကြီးမြို့နယ်ရှိ MSMEs ဖွံ့ဖြိုးတိုးတက်ရေးပြည်သစ်ဆိုင်ကယ်နှင့်ဆိုင်ကယ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံနှင့် အခွန်ဦးစီးဌာန၊ မြန်မာ့စီပွားရေးဘဏ်၊ စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်း၍ ပြည်လမ်း၊ ဘူတာရပ်ကွက်၊ တိုက်ကြီးမြို့နယ်ရှိ ပြည်သစ်ဆိုင်ကယ်နှင့်ဆိုင်ကယ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSMEs ဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

a