Main menu

“ ကော့မှူးမြို့နယ်အ.ထ.က(‌ကော့မှူး)စာစစ်ဌာနတွင်တက္ကသိုလ်၏စာမေးပွဲ(Grade -12) ကျောင်းသား/ကျောင်းသူသင်္ချာဘာသာရပ်အေးချမ်းစွာဖြေဆိုနေမှုကြည့်ရှုအား‌ပေး ”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့  သွားရောက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကြည့်ရှု့အားပေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသော စာမေးပွဲခန်း တာဝန်ကျ ကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များ အနေဖြင့် စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောက်အယှက်မဖြစ်စေရေးအတွက် ဂရုပြုဆောင်ရွက်သွားကြရန် စာမေးပွဲကို စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)