
အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး နေရာဒေသမရွေး စိုက်ပျိုး၍ လွယ်ကူသည့် အပင်မျိုးဖြစ်ရာ တောင်ငူမြို့တွင်လည်း အိမ်ခြံဝင်းများ၌ အုန်းပင်များကို စိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာ့ရိုးရာ မုန့်များတွင် မပါမဖြစ်သကဲ့သို့ မြန်မာ့ရိုးရာကိုးကွယ်သည့် ဘုရားပွဲ၊ နတ်ပွဲများ၊အလှူတော် မင်္လာပွဲများ တွင် အုန်းသီးသည် မပါမဖြစ်သည့် ပွဲတင်သစ်သီးဖြစ်ပါသည်။
ကမ်းခြေများ၌လည်း အုန်းစိမ်းရည် သောက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွှတ်ပြီး အိပ်ရေးပျက် သူများ သောက်သုံးခြင်းဖြင့် အာဟာရပြန်လည် ပြည့်ဝစေနိုင်သည်။
ဖြူးမြို့မဈေးနှင့် ဈေးပြင်ပရှိ အုန်းသီးဆိုင်များတွင် အုန်းသီးအစိမ်းတစ်လုံးလျှင် ယခင်လက ၂၅၀၀ ကျပ်ရှိရာမှ ယခုအခါ ၃၀၀၀ ကျပ်ဖြစ်ပြီး၊ အုန်းသီးအခြောက်တစ်လုံးလျှင် ၁၈၀၀ ကျပ်ရှိရာမှ ၂၅၀၀ ကျပ် ထိ ရောင်းချလျက်ရှိပြီး ကြွက်မြီးအုန်းသီး တစ်လုံးလျှင် ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရောင်းချပါသည်။
အုန်းသီးစျေးနှုန်း အနည်းငယ်တက်သော်လည်း ယခုအခါ အလှူအတန်းများပြားသည့်အတွက် ရောင်းအားကောင်းကြောင်း အုန်းသီးအရောင်းဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)