
ပြည်မြို့၏အသီးမျိုးစုံဈေးကွက်တွင် အသီးအမျိုးအစားအစုံကို ရှမ်းပြည်တောင်ပိုင်း မှဝင် ရောက်လျက်ရှိပါသည်။ ပြည်မြို့ ပေါ်ရှိ ဈေးများတွင်သာမက Online မှတစ်ဆင့်လည်း ရောင်းချလျက်ရှိပါသည်။ အသီး ဈေးနှုန်းများ ကတော့ ချွန်းပန်းစပျစ်အညိုသီး တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အော်ဂန်လိမ္မော်သီး 1Kgလျှင် (၆၅၀၀)ကျပ်၊ ဂျပန်စတော်ရှယ်သန့် တစ်ပိဿာလျှင် (၂၂၅၀၀)ကျပ်၊ ယိုးဒယားပန်းသီး ကြွပ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ယိုးဒယားသရက်သီးမှည့် တစ်လုံးလျှင်(၁၉၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၆၀၀၀)ကျပ်၊ ဘေဘီနာနတ်သီး 1Kgကို (၁၃၀၀၀)ကျပ်၊ ယိုးဒယား ရေငန်းသီး(အချို) 1Kg (၁၄၀၀၀)ကျပ်၊ ယိုးဒယားပိန္နဲသီး ၁၀မွှာပါ တစ်ဘူးကို(၃၀၀၀)ကျပ်၊ ပန်းမာလကာသီး တစ်ပိဿာကို ၆၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)