Main menu

“ သုံးခွမြို့နယ်တွင်ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ကလေးကစားစရာအရုပ်အမျိုးမျိုး  ရောင်းချနေသောဆိုင်များသို့ ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်စည်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကုန်စည်ပေါ်ရှိ ကုန်အညွှန်းအမှတ်တွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မှရှိ၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများအား မတ်လ(၁၉)ရက်နေ့၊ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ကလေးကစားစရာအရုပ်အမျိုးမျိုး ရောင်းချသောဆိုင်များတွင် ကလေးကစားစရာအရုပ်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ကုန်စည်ပေါ်ရှိ ကုန်အညွှန်းအမှတ်များအား မြန်မာဘာသာဖြင့်သော် လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖော်ပြရမည့် အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကလေး ကစားစရာအရုပ်အမျိုးမျိုးတို့အား ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်များသို့ အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)