Main menu

“ သန်လျင်မြို့နယ်ဈေးကွက်အတွင်းပြည်တွင်းထုတ်အသင့်သောက်ကော်ဖီထုပ်များဈေးကွက် တွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ Orange Super Market အတွင်း ပြည်တွင်းထုတ် အသင့်သောက်ကော်ဖီထုပ်များ ဈေးကွက်တွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်နိုင်ရန် ၂၀၂၅ခုနှစ် မတ်လ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန သန်လျင်မြို့နယ်ရှိ ဒေါ်ငြိမ်းငြိမ်းဝင်း (ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ  Orange Super Market သို့ သွားရောက်ပြီး မန်နေဂျာနှင့်တွေ့ဆုံ၍ ပြည်တွင်းထုတ်အသင့်သောက်ကော်ဖီများ ဈေးကွက်တွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာဝယ်ယူရရှိနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှုမှရှိစေရေး၊ မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိပါ ကြောင်း ဈေးနှုန်းများနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)