
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးနေလင်း(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသင့်သောက်ကော်ဖီထုပ်များအား (၁၈-၃-၂၀၂၅) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ဒေါ်ချောချော ကုန်စုံဆိုင်အား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
BEST၊ PLATINUM၊ SUNDAY၊ PREMIER ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းများနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)