Main menu

ထိုင်းနိုင်ငံတွင် MG pickup ကားများထုတ်လုပ်မှုရပ်နား

Powered by Drupal

            MG အမှတ်တံဆိပ်အောက်ရှိကားများထုတ်လုပ်သည့် တရုတ်-ထိုင်းပူးတွဲလုပ်ငန်း SAIC Motor-CP နှင့် MG Sales (Thailand) တို့သည် နှေးကွေးနေသောထိုင်းပြည်တွင်းကားဈေးကွက် ပုံမှန်သို့ပြန်မရောက်မချင်း pickup ကားများထုတ်လုပ်မှုကို ရပ်နားထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ MG Sales (Thailand) က ကုမ္ပဏီသည် ဒီဇယ်စွမ်းအင်သုံး pickup ကားများအား နှစ်စဉ်မည်မျှထုတ်လုပ်သည်ဟု မကြေညာခဲ့သော်လည်း ထိုကားများသည် ၎င်းတို့ပြည်တွင်း ထုတ်လုပ်သည့်ကားများထဲတွင် ပမာဏအနည်းငယ်သာပါဝင်ကြောင်း သိရပါသည်။ MG Sales (Thailand) ၏ ဒုတိယဥက္ကဌဖြစ်သူ Pongsak Lertruedeewattanavong က pickup ကားများ သည် ၎င်းတို့၏အဓိကထုတ်ကုန်မဟုတ်သည့်အတွက် ထုတ်လုပ်မှုရပ်တန့်ခြင်းက သက်ရောက်မှု နည်းပါးနိုင်ကြောင်းနှင့် ဈေးကွက်နာလံပြန်ထူပါက pickup ထုတ်လုပ်မှုပြန်လည်စတင်မည်ဟု ပြောကြားခဲ့ပါသည်။  ၂၀၂၃ ခုနှစ်မှစ၍ ဘဏ်များနှင့် ကားငွေကြေးထောက်ပံ့မှုကုမ္ပဏီများသည် ကားဝယ်ယူရန်ငွေချေးငှားမှုကို တင်းကျပ်သောကြောင့် ထိုင်းပြည်တွင်းကားဈေးကွက်နှေးကွေး နေကြောင်း သိရပါသည်။ ယခုနှစ်တွင် ထိုင်းပြည်တွင်းကားရောင်းချမှုသည် လျှပ်စစ်မော်တော် ကားများအပါအဝင် အစီးရေ ၅၅၀၀၀၀ မှ၅၇၀၀၀၀ ကြားရှိမည်ဟု ခန့်မှန်းရကြောင်း သိရ ပါသည်။ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်း၏အဆိုအရ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် စုစုပေါင်းကားအစီးရေ ၅၇၂၆၇၅ စီးရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ကထက် ၂၆.၁ ရာခိုင်နှုန်းကျဆင်း ခဲ့ကာ pickup ကားရောင်းချရမှုမှာ အစီးရေ ၁၆၃၃၄၇ စီးဖြင့် ၃၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ SAIC Mortor-CP သည် Chon Buri တွင် တစ်နှစ်လျှင် ကားအစီးရေ ၁၀၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိသော စက်ရုံကိုတည်ထောင်ထားကြောင်း သိရပါ သည်။ ကုမ္ပဏီသည် မော်တော်ကားများကို ပြည်တွင်းတွင်ရောင်းချရုံသာမက ထိုင်းနိုင်ငံအား ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံ များသို့ တင်ပို့ရာတွင် အခြေစိုက်အဖြစ်အသုံးပြုရန်ရည်ရွယ်ထားကြောင်း သိရပါသည်။၂၀၂၄ ခုနှစ်က MG သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ကားအစီးရေ ၁၇၀၀၀ ရောင်းချခဲ့ရပြီး ယခုနှစ်တွင် အစီးရေ ၂၀၀၀၀ ရောင်းချရန် စီစဉ်ထားကြောင်း သိရပါသည်။ ထို့ပြင် ကုမ္ပဏီသည် လျှပ်စစ်မော်တော်ယာဉ်အသစ်များကို မိတ်ဆက်မည်ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၆ ရက် နေ့ထိကျင်းပမည့် Bangkok International Motor Show တွင် MG IM6 လျှပ်စစ်ကားကို စတင် မိတ်ဆက်မည်ဟု သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)