Main menu

ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် တရားမ၀င် ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်း ၁/၂၀၂၂ ဖွင့်လှစ်

Powered by Drupal

          ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာ၀တီတိုင်းဒေသကြီး၊း တရားမ၀င်ကုန်သွယ်မှ တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်သော တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေးဆင့်ပွားသင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၀) ရက်နေ့ (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာ၀တီတိုင်းဒေသကြီး၊း အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင်မောင်၀င် နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ သက်ဆိုင်ရာတိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးတရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၀င် (၁၂)ဦး၊ ခရိုင်တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၀င်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၁၂)ဦး၊ သင်တန်း သား/သင်တန်းသူ (၂၅)ဦး စုစုပေါင်း (၆၆)ဦး တက်ရောက်ခဲ့ပါသည်။

          ဧရာ၀တီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင်မောင်၀င်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းပထမနေ့တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ မိမိတို့ ဌာနများ၏ လုပ်ထုံးလုပ်နည်းဥပဒေများ သင်ကြားပို့ချပေးခဲ့ပါသည်။

          သင်တန်းကို ဇွန်လ (၁၀) ရက်နှင့် (၁၁) ရက်၊ (၂) ရက်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဒုတိယနေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်းဆိုင်ရာကိစ္စများ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဝါးကိစ္စ၊ လူကုန်ကူးမှုကိစ္စ၊ တိရိစ္ဆာန်များ တရားမ၀င်သယ်ဆောင်မှုနှင့် ရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်မည့် ဥပဒေရပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ  ပိုးသတ်ဆေးဥပဒေ၊ မှတ်ပုံတင်ခြင်းကိစ္စရပ်များ၊ လက်လီ/လက္ကားရောင်းချခွင့်လိုင်စင်ရသူ၏ တာ၀န်လုပ်ပိုင်ခွင့်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်၊ ကျွဲ၊ နွားများ တရားမ၀င်သယ်ဆောင်ပါက ဥပဒေအရ အရေးယူဆောင်ရွက်မှုများ၊ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ကား၊ ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်များ လိုင်စင်မရှိလျှင် ဖမ်းဆီးအရေးယူမည့် ဥပဒေများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဌာန၏ လုပ်ထုံးလုပ်နည်းဥပဒေများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်က တရား၀င်ကုန်သွယ်မှုပြုနိုင်ရန် သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ သွင်းကုန်လိုင်စင်ပြင်ဆင်ခြင်း၊ မိတ္တူထုတ်ပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအကြောင်း ဆွေးနွေးပို့ချပေးခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဌာန၏လုပ်ငန်းစဉ်များအကြောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မိမိတို့ဌာန၏ လုပ်ထုံးလုပ်နည်းဥပဒေများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားမ၀င် WY မူးယစ်ဆေးဝါးများ သယ်ဆောင်လာပါက ဥပဒေအရ အရေးယူဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းဥပဒေများအား ရှင်းလင်းပို့ချပေးခဲ့ပါသည်။

          သင်တန်းပို့ချမှုအပြီး ဧရာ၀တီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ၀န်ကြီး ဦးစောလင်းခယ်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေးဆင့်ပွားသင်တန်း ၁/၂၀၂၂ သို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူ (၂၅)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)