
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့ နယ် ပဒေသာဈေးတာဝန်ခံရုံး၌ (၁၇.၃.၂၀၂၅) ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် ကုန်မျိုးစုံလုပ် ငန်းရှင်များအားခေါ်ယူ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးသိန်းထွန်းမှ ကုန်မျိုးစုံလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန် ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူး ရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့ ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက် ရှိသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လုပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲပြီး ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင် (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)