
ရဝမ်ဒါနိုင်ငံ၏ စီးပွားရေးသည် ဝန်ဆောင်မှုများ၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် အားကောင်းသည့် စွမ်းဆောင်မှုများကြောင့် ၂၀၂၄ ခုနှစ်တွင် ၈.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း Rwanda National Institute of Statistics (NISR) မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။ တိုးတက်မှုနှုန်းမှာ ပထမသုံးလပတ်တွင် ၉.၇ ရာခိုင်နှုန်း၊ ဒုတိယသုံးလ ပတ်တွင် ၉.၈ ရာခိုင်နှုန်း၊ တတိယသုံးလပတ်တွင် ၈.၁ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။ လက်ရှိဈေးကွက် ပေါက်ဈေးအရ နိုင်ငံ၏ GDP သည် ခန့်မှန်းခြေအားဖြင့် ၁၈.၉ ထရီလီယံရဝမ်ဒါဖရန့် (အမေရိကန် ဒေါ်လာ ၁၃.၂ ဘီလီယံခန့်) ရှိပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၁.၇ ဘီလီယံမှ တက်လာသည်ဟု NISR အချက်အလက်များအရ သိရသည်။ ဝန်ဆောင်မှုများသည် GDP ၏ ၄၈ ရာခိုင်နှုန်း၊ နောက်တွင် စိုက်ပျိုးရေးကဏ္ဍမှ ၂၅ ရာခိုင်နှုန်းနှင့် စက်မှုလုပ်ငန်း ၂၁ ရာခိုင်နှုန်းတို့၌ ဝန်ဆောင်မှုများ ဆက်လက်ရှိ နေခဲ့သည်။ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းအရ လယ်ယာကဏ္ဍသည် ၅ ရာခိုင်နှုန်း တိုးလာကာ စက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း အသီးသီးက ၁၀ ရာခိုင်နှုန်း တိုးတက်လာ သည်။ ၂၀၂၄ GDP ဖွဲ့စည်းမှု တွင် ပုဂ္ဂလိကနောက်ဆုံးသုံးစွဲမှုအသုံးစရိတ်သည် ၇၀ ရာခိုင်နှုန်း၊ အစိုးရ နောက်ဆုံးသုံးစွဲမှုအသုံး စရိတ် ၁၇ ရာခိုင်နှုန်းနှင့် စုစုပေါင်းအရင်းအနှီးဖွဲ့စည်းမှု ၂၁ ရာခိုင်နှုန်း ရှိကြောင်းပြသခဲ့သည်။ စုစုပေါင်းနောက်ဆုံးသုံးစွဲမှုအသုံးစရိတ်မှာ ၆ ရာခိုင်နှုန်း တိုးလာပြီး အိမ်သုံး နောက်ဆုံးသုံးစွဲမှုအသုံး စရိတ်မှာ ၄ ရာခိုင်နှုန်းနှင့် အစိုးရနောက်ဆုံးသုံးစွဲမှုအသုံးစရိတ် ၁၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ရဝမ်ဒါနိုင်ငံတော်ဘဏ်၏ နောက်ဆုံးအချက်အလက်များအရ ရဝမ်ဒါနိုင်ငံ၏စီးပွား ရေးသည် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်နှစ်ရပ်စလုံးတွင် ၇ ရာခိုင်နှုန်း တိုးလာမည် ဟု ခန့်မှန်းချက်များနှင့် အတူ ခိုင်မာသော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားရန် ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)