Main menu

ဖျာပုံခရိုင်ဘိုကလေးမြို့နယ်မှ ထုတ်လုပ်သောမုန့်မျိုးစုံလုပ်ငန်းများဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်း

Powered by Drupal

          ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   တာဝန်ခံနှင့်ဝန်ထမ်းများသည်  TOP   ONE မုန့်မျိုးစုံလုပ်ငန်းမှ  ထုတ်လုပ်သော ကုန်စည်များ၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၂ ခုနှစ် ၊ဇွန်လ (၁၂)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ TOP  ONE  မုန့်မျိုးစုံလုပ်ငန်းမှထုတ်လုပ်သော သုံးထောင့်မုန့် ၊အငံမုန့်၊ ပဲဖယုံမုန့်တို့တွင် ကြက်ဥ၊ သကြား၊ ဆား၊ ထောပတ်၊ ဂျုံ၊ ဟင်းရွက်ဆီ၊  သောက်ရေသန့်များပါဝင်ပြီး  တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက်(၁၅၀)ကျော်ခန့် နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ဘူးလျှင်(၆)ခုပါရှိပြီး၊   မုန့်တစ်ဘူးလျှင်  ( ၁၅၀၀ )  ကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိပါသည်။  လက်ကားဈေးနှုန်းအနေဖြင့် (၁၃၅၀) ကျပ်နှုန်း ရောင်းပေးပါသည်။  ထိုလုပ်ငန်းတွင် လုပ်သား(၃)ဦးရှိပြီး၊ တစ်ဦးလျှင် တစ်နေ့(၄၀၀၀) နှုန်းပေးရပါသည်။ဈေးကွက်အနေဖြင့် ဒေသတွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။

         မြို့နယ်တာဝန်ခံက  ထုတ်လုပ်သောကန်စည်များနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၄၁)၊ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊  စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊  ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)