
အီရန်နှင့်ရုရှားအကြီးတန်း သံတမန်များသည် မတ်လ ၁၈ ရက်နေ့ကနှစ်နိုင်ငံဆက်ဆံရေး နှင့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။
တီဟီရန်တွင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Majid Takht Ravanchi သည် ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alexander Grushko နှင့် တွေ့ဆုံစဉ် အီရန်၏ နျူကလီးယားအစီအစဉ်၊ ယူကရိန်းပဠိပက္ခ ဖြစ်ပေါ်တိုးတက်မှုများနှင့် အမေရိကန်မူဝါဒသစ်များကို ဆွေးနွေးခဲ့ကြောင်း အီရန် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နိုင်ငံပေါင်းစုံ တရားဥပဒေစိုးမိုးနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ထားရှိရန် လိုအပ်ကြောင်း သံတမန်များကပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)