Main menu

မအူပင်စက်သုံးဆီ အရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ၁၇-၃-၂၀၂၅နေ့ တွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိင်ရေးလုပ်ငန်းညှိနိင်း အစည်းအဝေးကို တက်ရောက် ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာများတက်ရောက်ကြပြီး အခြားဖိတ်ကြားထားသော မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

            ရှေးဦးစွာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် မအူပင်လမ်းလျှောက်သင်္ကြန် Video Clip ကို ဖွင့်လှစ်ပြသသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်သည် လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်သည့် အလျောက် ယခင်နှစ်များထက် ပိုမိုအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာ့သနပ်ခါးယဉ် ကျေးမှုဓလေ့ကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် အဖြစ်ဖော်ပြနိုင်မည့် သရုပ်ဖော်မှုကို ယခုနှစ်လမ်းလျှောက်သင်္ကြန်တွင် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ မြန်မာ့ရိုးရာသင်္ကြန်တွင် ထင်ပေါ်ကျော်ကြားသည့် အနုပညာ ရှင်များကိုလည်း ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများ မြန်မာ့နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်းတက်ကြွပျော်ရွှင်စေရေးအတွက် ယခင်နှစ်များနှင့်မတူ ပိုမိုပျော်ရွှင်စရာကောင်းသည့် လမ်းလျှောက်သင်္ကြန်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပျော်ရွင်သော မဟာသင်္ကြန်ကျင်းပနိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြပြီး မြို့တွင်း၌ ယိမ်း အဖွဲ့နှင့် တေးဂီတအဖွဲ့များက ဖျော်ဖြေတင်ဆက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)