Main menu

သနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲ ကျင်းပရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝင်ရောက်ယှဉ်ပြိုင်

Powered by Drupal

           မအူပင်ခရိုင် နယ်စပ်ရေးရာဝန်ကြီးဌာန။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အစည်း ဥက္ကဌ နှင့် ပြိုင်ပွဲအမှတ်ပေး ဒိုင်လှူကြီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဆရာ/ဆရာမများ၊ အထက်တန်းကျောင်းအုပ်ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

          ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ပွဲသူ တက္ကသိုလ် နည်းပြဆရာမ၊ ပညာရေးမှ ဆရာမများ၊ (၂)ဖွဲနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ အဖွဲ့ (၆)ဖွဲ့ ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လူသားမျိူးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှူ အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး လှုပ်ရှားဆောင်ရွက်မှု ခနပ်ခါးလိမ်းခြယ်မှုပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ နှစ်သိမ့်ဆုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ဧရာဝတီ)