ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် ၇.၆.၂၀၂၂ ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်များနှင့်အလှကုန်ဆိုင်များသို့ Bella Plus Plastes များရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရပါ သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် Bella Plus Plastes သည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီဆေးဝါးမှတ်ပုံတင်အမှတ်နှင့် သွင်းကုန်လိုင်စင်များ ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းနှင့် စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းကိုခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)