Main menu

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းအခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဥလတ် တစ်လုံးလျှင်(၄၅၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၂၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ဥ သေးတစ်လုံးလျှင် (၆၈၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥ၊ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများ မှမိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ်ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်းကန့်ဘ လူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)