Main menu

ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

ဘားအံမြို့၊ မတ် လ ၂၀

          ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီး ဈေးနှုန်း အနည်းငယ်ကျနေသော်လည်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          မတ်လ တတိယပတ်တွင် သံလွင်မြစ်ကမ်းနံဘေးရှိ စိုက်ခင်းသို့သွားရောက်လေ့လာကာ ကြက်ဟင်းခါးသီး စိုက်ပျိုးတောင်သူ ဦးပလိုင်းက ကြက်ဟင်းခါးသီး တစ်ဧကလျှင် ကြက်ဟင်း ခါးစေ့ (၁၀၀)ဂရမ် အစေ့ပေါင်း (၇၀၀)ပါပြီး အစေ့စိုက်ပျိုးရကြောင်း၊ ပင်ကြားတန်းကြား၊ အပင် စိုက်တန်းတစ်တန်းတွင် (၅)ပေခွာ၍ တစ်ပင်နှင့်တစ်ပင် (၂)ပေခွာပြီး စိုက်ပျိုးထားကြောင်း၊ ကြက်ဟင်းခါးပင်သည် နွယ်ပင်တစ်မျိုးဖြစ်၍ စင်ထိုးစိုက်ရကြောင်း၊ ကြက်ဟင်းခါးစိုက်ခင်းကို တစ်လလျှင် (၂)ကြိမ် ရေသွင်းပေးရကြောင်း၊ ကြက်ဟင်းခါးသီးအား စိုက်ပျိုးပြီး ရက်ပေါင်း  ၉၀ ဆိုလျှင် စတင်ခူးစွတ်နိုင်ပြီး စိုက်ခင်းမှထွက်ရှိသောကြက်ဟင်းခါးသီး များကို အကြီး၊ အသေး မခွဲခြားဘဲ လက်ကားဈေးနှုန်း (၁၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်းပြောကြားသည်။ ဈေးကွက် အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ယခင်လက ကြက်ဟင်းခါးသီး အတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ယခုအခါတွင် ကြက်ဟင်းခါးသီး အတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဖေဖော်ဝါရီနောက်ဆုံးအပတ်နှင့် မတ်လ တတိယအပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်ကျရ ခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ခင်းမှ လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ကြက်ဟင်းခါးသီးများ ဈေးပေါ ပေါဖြင့် ဝင်ရောင်လာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

DOCA(ကရင်)