Main menu

စီးပွားဖြစ် လည်ပတ်နေသည့် ဒေသတွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနှင့် ဈေးနှုန်း ဈေးကွက်များ ကွင်းဆင်းလေ့လာ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒေသတွင်ထုတ်လုပ်သော နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများ ထုတ်လုပ်နေမှုအခြေအနေများကို (၁၆.၃.၂၀၂၅) ရက်နေ့က လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်လုပ်မှု ဖြစ်စဉ်နှင့် ဈေးကွက်ဈေးနှုန်းများကို လေ့လာခဲ့ကြောင်း သိရသည်။

              နို့နှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်လျှက်ရှိသော ညောင်တုန်းမြို့နယ်မှ Top နွားနို့လုပ်ငန်း၊ ဝါဝါဝင်း နို့ဒိန်ချဉ်လုပ်ငန်းများ မှ ထုတ်လုပ်နေမှုနှင့် ဈေးနှုန်းဈေးကွက်များကို သိရှိနိုင်ရန် ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်မှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ မေးမြန်းဆွေးနွေးခဲ့သည်။ လုပ်ငန်းရှင်များမှ Top လုပ်ငန်းမှ နွားနို့နှင့်  ဒိန်ချဉ်ကို ထုတ်လုပ်ပြီး နွားနို့ 1.00L, 0.50L, 0.28L (၃)မျိုးထုတ်လုပ်ပြီး 1.00L, ငွေကျပ် ၅၀၀၀/-၊တစ်ရက်ထုတ်လုပ်မှု ၄၀ဗူး ၊ 0.50L ငွေကျပ် ၃၀၀၀/-၊ တစ်ရက်ထုတ်လုပ်နိုင်မှု ၃၀ဗူးနှင့် 0.28L ငွေကျပ် ၁၇၀၀/- ဖြင့်တစ်ရက်ထုတ်လုပ်နိုင်မှု ၈၀ဗူး ထုတ်လုပ်နိုင်ကြောင်းနှင့်  ဒိန်ချဉ်ကိုလည်း (၃)မျိုးထုတ်လုပ်ကြောင်း  1.00L, ငွေကျပ် ၆၀၀၀/-၊တစ်ရက်ထုတ်လုပ်နိုင်မှု ၅၀ဗူး၊  0.50L ငွေကျပ် ၃၅၀၀/-၊တစ်ရက်ထုတ်လုပ်နိုင်မှု ၅၀ဗူးနှင့်  0.28L ငွေကျပ် ၂၂၀၀/- ဖြင့် တစ်ရက်ထုတ်လုပ်နိုင်မှု ၃၂၀ဗူး ရောင်းချ ထုတ်လုပ်နိုင်ကြောင်းသိရသည်။

             ဝါဝါဝင်း လုပ်ငန်းမှ မလိုင်အပြည့်ဒိန်ချဉ် 1.00L, ၊ အဆီထုတ်ဒိန်ချဉ် 1.00L, ငွေကျပ် ၇၅၀၀/-  မလိုင်အပြည့်နွားနို့ 0.25L  မလိုင်အပြည့်ဒိန်ချဉ် 0.25L ငွေကျပ် ၂၀၀၀/- ၊ မလိုင်အပြည့်နွားနို့ 1.00L, ငွေကျပ် ၅၀၀၀/-  မလိုင်အပြည့်နွားနို့ 0.25L ငွေကျပ် ၁၅၀၀/- ၊ ၊ မလိုင်အပြည်ဒိန်ချဉ်၊ အဆီထုတ် ဒိန်ချဉ်၊ကို ငွေကျပ် ၇၅၀၀/-၊ အဆီထုတ်နွားနို့ 0.25L ငွေကျပ် ၁၅၀၀/-၊ အဆီထုတ်နွားနို့ 1.00L, ငွေကျပ် ၅၀၀၀/-  သကြားမပါဒိန်ချဉ် 0.20l   ငွေကျပ် ၂၀၀၀/- ကျပ်ဖြင့် ရောင်းချကြောင်း ထုတ်လုပ်မှု အနေဖြင့် နွားနို့ ပိဿာ ၂၅၀-၃၀၀ ထွက်ရှိကိုထုတ်လုပ်ပြီး ဈေးကွက်လိုအပ်ချက် ပေါ်မူတည်၍ ထုတ်လုပ်ကြောင်း သိရသည်။

            ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် Top လုပ်ငန်းမှ ဒေသတွင်သာဖြန့်ဖြူးရောင်းချပြီး၊ ဝါဝါဝင်း လုပ်ငန်းမှ တိုင်းဒေသကြီးအတွင်း မြို့နယ်များ၊ ရန်ကုန် Super Market များသို့ဖြန့်ဖြူး ရောင်းချကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)