Main menu

ဒေသတွင်းထုတ်လုပ်သော မအူပင် ကျားပဲမုန့် ထုတ်လုပ်မှုနှင့် ဈေးနှုန်း ဈေးကွက်အကြောင်းကို စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းလေ့လာဆောင်ရွက်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှုးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၈.၃.၂၀၂၅)ရက်နေ့က ဒေသတွင်ထုတ်လုပ်သော မုန့်လုပ်ငန်းဖြစ်သည့် ကျားပဲမုန့်အမျိုးမျိုးထုတ်လုပ်မှု လုပ်ငန်းသို့ ဈေးကွက်ဈေးနှုန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းအကြောင်းကို ကွင်းဆင်းလေ့လာခဲ့ကြသည်။

          ကွင်းဆင်းလေ့လာရာတွင် ကျားပဲမုန့်လုပ်ငန်းရှင် ဦးကျော်မျိုးထွန်းနှင့် တွေ့ဆုံပြီး ပဲမုန့်လုပ်ငန်းအကြောင်း မေ့မြန်းခဲ့ရာ မုန့်လုပ်ငန်းကို ၁၉၄၆ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယနေ့အထိ ထုတ်လုပ်လာခဲ့ကြောင်း၊ လုပ်ငန်းတည်နေရာမှာ အမှတ် ၇၇ မင်းလမ်း၊ မအူပင်မြို့တွင်တည်ရှိပြီး လုပ်သားအင်အား ၂၂ဦးဖြင့် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။ မုန့်ထုတ်လုပ်ရာတွင် ပဲမုန့်၊ ချိုငံမုန့်၊ ဘဲဥမုန့်၊ ပဲဖရုံ၊ ကိတ်မုန့် များထုတ်လုပ်ကြောင်း ပဲမုန့်ကို တစ်နေ့ ထုတ်လုပ်နိုင်မှု ၄၀၀၊ ချိုငံမုန့်၊ ၁၀၀၊ ဘဲဥမုန့် ၁၀၀၊ ပဲဖရုံ ၁၀၀၊ ကိတ်မုန့် ၅၀  ထုတ် ထုတ်လုပ်နိုင်ကြောင်း လုပ်ငန်းရှင်မှ ရှင်းလင်း ပြောပြသည်။

          ပဲမုန့်များကို တစ်နေ့ထုတ် တစ်နေ့ကုန်ဖြင့်သာ ထုတ်လုပ်ပြီး မုန့်တိုက်တစ်နေရာတည်းတွင် ရောင်းချသည်။ ပြည်တွင်းဖြစ် အကောင်းစား ကုလားပဲ၊ ဆီ၊ သကြား၊ ပြည်တွင်းဖြစ်ဂျုံ တို့ကိုသာ အသုံးပြု၍ ကျန်းမာရေးနှင့် ညီညွတ်စေရန် အဓိကဦးစားပေးထုတ်လုပ်ပါသည်။ စားသုံးသူ ဘေးအန္တရာယ်ကင်းစေရေးအတွက် သက်ဆိုင်ရာခွင့်ပြုချက် စစ်ဆေးချက်များ ရယူပြီးဖြစ်သဖြင့် စားသုံးသူများအနေဖြင့် ဘေးကင်းလုံခြုံမှုကို ဆောင်ရွက်ထားပြီးဖြစ်သည်။  ထုတ်ပိုးမှုတစ်နစ်ကို ပိုမိုကောင်း မွန်အောင် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။  လုပ်ငန်းအခက်အခဲအနေဖြင့် ငွေရေးကြေးရေးလိုအပ်မှု မရှိသေည်လည်း ပိုမိုကောင်းမွန်သော နည်းပညာစက်ကိရိယာများအတွက် အကူအညီလိုအပ်ကြောင်းကို လုပ်ငန်းရှင်မှ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

          ယနေ့ မုန့်ဈေးနှုန်းအနေဖြင့် ပဲမုန့် ၆ထုတ်ပါ တစ်ဗူးလျှင် ၁၂၆၀၀ကျပ်၊ ချိုငံမုန့် ၆ထုတ်ပါ တစ်ဗူးလျှင် ၁၃၈၀၀ကျပ်၊ ဘဲဥမုန့် ၅ထုတ်ပါ တစ်ဗူးလျှင် ၉၀၀၀ကျပ်၊ ကိတ်မုန့် ၃ထုတ်ပါတစ်ဗူးလျှင် ၁၁၁၀၀ကျပ်၊ ပဲဖရုံတစ်ခု ၅ထုတ်ပါတစ်ဗူးလျှင် ၁၁၁၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းနှင့် ဒေသတွင်းရောင်းချခြင်းနှင့် ရန်ကုန်အရောင်းကိုယ်စားလှယ် အရောင်းလက်ခွဲများ’မှလည်း ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)