
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ဖျာပုံခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ဖျာပုံခရိုင်အတွင်းရှိ ကျိုက်လတ်မြို့နယ်တွင် ၆.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ကျိုက်လတ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ပူးပေါင်း၍ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ စာဖတ်ပြည်သူ (၁၂)ဦးအား စားသုံသူရေးရာကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူရေးရာဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူပြည်သူများ ရရှိနိုင်သည့်အခွင့်အရေး (၈)ချက်အားရှင်းလင်းခြင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း၊ မိမိတို့ဝယ်ယူအသုံး ပြုသောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားခွင့်ရှိ ကြောင်းနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ (CICC) ဖွင့်လှစ် ထားရှိမှုအခြေအနေ များနျင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဟောပြောခြင်း ၊ ထို့အပြင် အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်း အသုံးပြု၍ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချခြင်း ကြော်ငြာခြင်း ပြုလုပ်ပါက မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက အရေကြီးကုန် စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းရောင်းချခြင်းနှင့် ပတ်သက်၍ မှတ်ပုံတင်လိုင်စင် လျှောက်ထားလိုပါက မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားလိုပါက လိုအပ်သည့် အချက်အလက်များနှင့် အထောက်အထားများ မှတ်ပုံတင်ကြေးပေးသွင်းရမည့် ကုန်ကျ စရိတ်များအကြောင်း ရှင်းလင်းပြေားကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကိုသိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)