
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ပဲ၊ ငရုတ် စသည့်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြသည့်အပြင် ပန်းမန်မျိုးနွယ်ဝင်ဖြစ်သည့် အောင်သပြေ၊ အာဆီယံသပြေနှင့် ညိုချော သပြေများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကာ ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။
သပြေတစ်ကြိမ်စိုက်ပျိုးပီးစ အပင်ငယ်ချိန်တွင် ရေအစိုဓာတ်မပြတ် ပေးသွင်းရပြီး၊ ခူးဆွတ် ရောင်းချနိုင်ချိန်တွင် မြေသား အစို၊ အခြောက်အနေအထားကြည့်၍ (၁၀)ရက် တစ်ကြိမ်၊ (၁၅) ရက် တစ်ကြိမ်ခန့်သာရေးပေးသွင်းရကြောင်း၊ ပိုးကျပါက ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ စိုက်ပျိုးပြီး (၁၀) နှစ်သားခန့်ထိ ခူးဆွတ်ရကြောင်း ပန်းစိုက်တောင်သူတစ်ဦးထံက သိရသည်။ လက်ရှိသပြေ တစ်စည်းလျှင် ကျပ် (၃၀၀) မှ (၅၀၀) နှုန်းဖြင့် စိုက်ခင်းအတွင်း လက္ကားရောင်းချရ၍ ပုံမှန်ဝင်ငွေရရှိကြောင်း၊ ပန်းရောင်းချသူများအနေဖြင့်လည်း ထားဝယ်မြို့ပေါ်ဈေးကွက်များတွင် လိုက်လံရောင်းချသောကြောင့် စိုက်ပျိုးသူများ အပြင်လက်လီရောင်းချသူများပါ ဝင်ငွေရနေကြပါ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)