
အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိကာလ၌ စားအုန်းဆီတင်ပို့မှုအပေါ် ပို့ကုန်အခွန်နှုန်းထားကို စားအုန်းဆီကြမ်း ရည်ညွှန်းစျေးနှုန်း၏ ၃ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအတွင်း စည်းကြပ်လျက် ရှိရာမှ ၄.၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်းသို့ တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိကြောင်းနှင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စားအုန်းဆီပမာဏကို တိုးမြှင့်နိုင်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ရန် စီစဉ်နေကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
အင်ဒိုနီးရှား အာဏာပိုင်များအနေဖြင့် ပို့ကုန်စည်းကြပ်ခွန် နှုန်းထားအသစ်ဖြင့် စားအုန်းဆီ တင်ပို့မှုအပေါ် အခွန်ကောက်ခံခြင်းကို လုပ်ထုံးလုပ်နည်း ထုတ်ပြန်ပြီးနောက် သုံးရက်အကြာ၌ စတင်မည်ဖြစ်ပြီး ယခုအခါ အမိန့်ထုတ်ပြန်နိုင်ရေး လုပ်ဆောင်လျက်ရှိသည်ဟု စိုက်ခင်းရန်ပုံငွေ တည်ထောင်ရေးအဖွဲ့မှ ဒါရိုက်တာ Mr. Kabul Wijayanto က မတ်လ ၁၈ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: Reuters, 18th Mar 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)