Main menu

ထားဝယ်ငရုပ်သီး‌စျေးနှုန်းစျေးကွက်

Powered by Drupal

            တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်သည်။ ငရုတ်သီးကိုရာသီအလိုက် စိုက်ပျိုးကြသည်။

            ငရုတ်သီးအစိုဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ၄၅၀၀ မှ ၅၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာ ယခုကာလ ပေါက်ဈေးမှာ ကျပ် ၆၀၀၀ မှ ၇၀၀၀ ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ် နေ ကြောင်း သိရှိရသည်။ ငရုတ်သီးအခြောက် ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာ ယခုကာလပေါက်ဈေးမှာ ကျပ် ၁၄၀၀၀ မှ  ၁၆၀၀၀ ဈေးနှုန်း များ ရှိ ကြောင်း သိရှိရသည်။ ယခုအချိန်အခါတွင်  ငရုတ်စိုက်ခင်းများ၌ အဖူးအပွင့် ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တောင်သူများအနေဖြင့် ယခုကာလ ပေါက်ဈေးနှင့်ဆိုလျှင် အကျိုး အမြတ်ရရှိနိုင်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(တနင်္သာရီ)