
လူတန်းစာမရွေး လူအများကြိုက်နှစ်သက်သည့်ပဲပြားသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကိုကြော်ကာ အစာသိပ်လုပ်စားခြင်း၊ ပဲပြားတုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့် ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချဉ်သီးနှင့် အခြားမိမိကြိုက်နှစ်သက်ရာတို့ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးနိုင်ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ဈေးများတွင် ပဲပြားများကို တစ်ပြားလျှင်(၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချဝယ်ယူလျက်ရှိကြသည်။ ပဲပြားဈေးနှုန်းမှာ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)