
ဩဇာသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်သဖြင့် အိမ်တိုင်းလိုလိုခြံထွက် အိမ်ခြံစည်းရိုးများတွင် လည်းစိုက်ပျိုးကျပါသည်။ ယခုလအချိန် ဩဇာသီးပေါ်ချိန်ဖြစ်သည့်အတွက် ပြန်ရောင်းသမားများက အပင်ပြတ်ဝယ်ယူကြသကဲ့သို့ ခြံများတွင်လိုက်လံကြည့်ရှုကာ အသီးများလိုက်ကောက်၍ ဝယ်ယူကြကြောင်းသိရပါသည်။
ဩဇာသီးပေါ်ချိန်တွင် အလုံးအကြီးအသေးပေါ်မူတည်၍ (၁၀၀၀ မှ ၁၅၀၀) ကျပ်နှုန်းအထိ ဈေးရပါကြောင်း၊ လက်ဆောင်ပေးရန် ဝယ်ယူကြကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဩဇာသီး များလှိုင်လှိုင်မပေါ်သေးသဖြင့် ဈေးကောင်းရရှိပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)