Main menu

ဈေးကွက်အတွင်း စားသုံးဆီများအား ‌ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

Powered by Drupal

          ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရှိ ဝန်ထမ်းများသည် ကျောက်ဖြူခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်အရ (၁၃-၆-၂၀၂၂)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ကျောက်ဖြူမြို့နယ် မြို့မဈေးအတွင်းအတွင်းရောင်းချနေသော စားသုံးဆီများတွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားများသည် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ၁/၂၀၂၁ ပါညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ကျောက်ဖြူခရိုင်မှ ဒုဦးစီးမှူး ဦးမောင်စောဝေမှ ဈေးကွက်အတွင်းရှိ စားသုံးဆီ ရောင်းချနေသောဈေးဆိုင်လုပ်ငန်းရှင်များအား ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် ဖော်ပြရမည့်သတ်မှတ်ကုန်အညွှန်းအမှတ်အသားများ၊ ၂/၂၀၁၉ ပါ ကုန်စည်များတွင် မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ၁/၂၀၂၁ ညွှန်ကြားချက်ပါ ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် အရွယ်အစား၊ အသားတင်ပမာဏတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော “ပိဿာ၊ ကျပ်သား” တို့ဖြင့် ဖော်ပြရန် လိုအပ်ခြင်းနှင့် ၎င်းကုန်အညွှန်းအမှတ်အသားဖော်ပြချက်တို့နှင့်ကိုက်ညီသော စားသုံးဆီများကိုသာ ရောင်းချစေရေး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်တို့အား အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)