Main menu

ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင် ဒေါပုံမြို့နယ် တာဝန်ခံ ဦးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၉.၃.၂၀၂၅) ရက်နေ့ ၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင်မြို့နယ်တာဝန်ခံ ဦးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း စားသုံးသူ ရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်ပါဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန် များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသား နှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစား အသောက်နှင့်ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင် မှုများကြောင့်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်  ပြန်လည်ကုစား နိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (Consunmer Imformation and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များ အကြောင်း သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ website တွင်ဝင်ရောက် လေ့လာနိုင် ကြောင်းနှင့်  Consunmer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)