
Techo အပြည်ပြည်ဆိုင်ရာလေဆိပ် (TIA) ကို ယခုဇူလိုင်လတွင် တရားဝင်စတင် ဖွင့်လှစ်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံအား ဒေသတွင်းနှင့် ကမ္ဘာလှည့်ခရီးသည်များ ပိုမို ချိတ်ဆက်နိုင်စေရုံသာမက ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၇.၅ သန်းလာရောက် နိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း ခရီးသွားလာရေးဝန်ကြီး Huot Hak က ၂၀-၃-၂၀၂၅ ရက် နေ့တွင် ပြောကြားခဲ့သည်။ TIA ၏ လက်ရှိတည်ဆောက်နေသည့်နေရာသို့ သွားရောက် လည်ပတ်စဉ်တွင် Hak သည် လေဆိပ်အဆောက်အအုံသည် လေကြောင်းခရီးသည်များ အထူးသဖြင့် နိုင်ငံတကာခရီးသွားများအတွက် အဆင်ပြေစေရေးအတွက် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။ တည်ဆောက်ဆဲလေဆိပ်သို့ ခရီးသွားအေးဂျင့်များနှင့် အသင်း အဖွဲ့များကို ဦးဆောင်ကာ TIA သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဂုဏ်သိက္ခာကို အထောက်အကူဖြစ်စေမည်ဟု Hak က ပြောကြားခဲ့သည်။ 4F အပြည်ပြည် ဆိုင်ရာလေဆိပ်တည်ဆောက်မှုနှင့် ကမ္ဘာပေါ်တွင် အဆင့် ၉ အဆင့်ရှိသော A380 အထိ လေယာဉ်များထားရှိနိုင်မှုသည် အရေးပါပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍကို လွယ်ကူ ချောမွေ့စေမည်ဖြစ်သည်။ TIA တည်ဆောက်မည့် စီမံကိန်းကို ကမ္ဘောဒီးယား တော်ဝင်အစိုးရနှင့် Overseas Cambodian Investment Corporation တို့ ပူးပေါင်းဆောင်ရွက်သည့် Cambodia Airport Investment Co Ltd မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဖနွမ်းပင်မြို့တောင်ဘက် ကီလိုမီတာ ၂၀ နီးပါးအကွာတွင် တည်ရှိပြီး TIA သည် Kandal နှင့် Takeo ပြည်နယ်များရှိ ဧရိယာ ၂,၆၀၀ ဟက်တာ ကျယ်ဝန်း သည်။ လေဆိပ်သည် Airbus A380-800 နှင့် Boeing 747-800 ကဲ့သို့သော ဧရာမလေယာဉ်များ အပါအဝင် ခရီးဝေးပျံသန်းမှုများကို လက်ခံရရှိနိုင်ပါသည်။ ကမ္ဘောဒီးယား ခရီးသွားအေးဂျင့်များ အသင်းဥက္ကဌ Chhay Sivlin က လေဆိပ်အခြေခံအဆောက်အအုံနှင့် လေကြောင်းဆက်သွယ်မှု တိုးမြှင့်ခြင်းသည် ခရီးသွားများအတွက် ခရီးသွားလာရေး အဆင်ပြေစေသည့်အပြင် ခရီးသွား များကို ဆွဲဆောင်သည့်အချက်များထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)