Main menu

Food & Hospitality Hanoi Expo သို့ ပြခန်းပေါင်း ၁၈၀ ပါဝင်ပြသ

Powered by Drupal

            တတိယအကြိမ်မြောက် Food & Hospitality Hanoi Expo ကို မတ်လ ၁၈ ရက်နေ့က ဗီယက်နမ်နိုင်ငံ International Centre for Exhibition (ICE) တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၂၄ ခုမှ ပြခန်း၁၈၀ ဖြင့်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါသည်။ ၆၀၀၀စတုရန်းမီတာ ကျယ်ဝန်းသည့် ထိုပြပွဲသို့ လည်ပတ်သူ ၇၂၀၀ ရှိခဲ့ကြောင်း သိရပါသည်။ နိုင်ငံတကာဈေးကွက် များမှ ပြခန်းဖွင့်လှစ်ပြသသူ ၇၀ ရာခိုင်နှုန်းကျော်လာရောက်ခဲ့မှုနှင့်အတူ ထိုပြပွဲသည် စီးပွားရေး ချိတ်ဆက်ခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း တို့အတွက် အဓိကပလက်ဖောင်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ထင်ရှားသည့်ပါဝင်သူများမှာ  ဂျာမနီဖက်ဒရယ်အစားအစာနှင့် စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာန၊ အီတလီကုန်သွယ်ရေးအေဂျင်စီ၊ ဂျပန်ငါးလုပ်ငန်းအသင်းနှင့် ကာလီဖိုးနီးယား စိုက်ပျိုးမွေးမြူရေးတင်ပို့မှုကောင်စီတို့ဖြစ်ကြောင်း သိရပါသည်။ Andros Vietnam၊ Dalat Milk နှင့် Cobi Group အစရှိသည့် ထင်ရှားသည့်အမှတ်တံဆိပ်များလည်း ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Courtney Beale က ဗီယက်နမ်-အမေရိကန် စီးပွားရေးဆက်နွယ်မှုကြီးထွားရေးတွင် စိုက်ပျိုးမွေးမြူရေးကုန်သွယ်မှုက အရေးပါသော အခန်းကဏ္ဍ၌ရှိနေကြောင်း အသားပေး ပြောကြားခဲ့ပါသည်။ US Pavillon သည်လည်း ရောင်းချသူများနှင့် ဝယ်ယူသူများကြားချိတ်ဆက်ရန်အတွက် ပလက်ဖောင်းတစ်ခုအဖြစ် နှင့် အမေရိကန်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် ဈေးကွက်လမ်းကြောင်း အရှိန်မြှင့်တင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။ ထိုပြပွဲတွင် ကိတ်မုန့်ဖုတ်သည့်ပစ္စည်းများ၊ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် ဝိုင်ပါဝင်သော အစားအစာနှင့် အဖျော်ယမကာများပါဝင်ခဲ့ကြောင်း သိရပါသည်။ ထို့ပြင်ဝန်ဆောင်မှုများ၊ အစားအစာပြုပြင်ထုတ်လုပ်သည့်နည်းပညာများနှင့် ထုတ်ပိုးမှုများကိုလည်း ပြသခဲ့ကြောင်း သိရပါသည်။ မတ်လ ၂၀ ထိကျင်းပခဲ့သည့် ထိုပြပွဲတွင် Informa Markets နှင့် Hospitality association များမှ ကြီးမှူးကျင်းပသည့် ကွန်းဖရန့်များလည်းပါဝင်ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)