
နှစ်နိုင်ငံကြား ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေရာတွင် ကစ်ပ်( လာအိုသုံးငွေကြေး)နှင့် ဒေါင်( ဗီယက်နမ်သုံးငွေကြေး) ဖြင့် အသုံးပြုမှုမြှင့်တင်ရန် မတ်လ ၁၅ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကွန်းဖရန့်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနား တွင် လာအိုဘဏ် PDR အောက်ရှိ နိုင်ငံခြားငွေလဲလှယ်မှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ညွှန်ကြားရေးမှုး ချုပ် Manola Meuangmani က နိုင်ငံခြားငွေကြေးများကိုမီခိုမှုလျှော့ချခြင်း သည် ငွေကြေး တည်ငြိမ်စေရေးအတွက် အရေးပါကြောင်းနှင့် အပြန်အလှန်အရောင်းအဝယ် ပြုလုပ်ရာတွင် ကစ်ပ်နှင့် ဒေါင် အသုံးပြုခြင်းသည် ထိုအောင်မြင်မှုရရှိရန် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် Lao-Viet Joint Venture Bank နှင့် Vietcombank Laos တို့သည်ကုန်စည်နှင့် ဝန်ဆောင်မှုအတွက် ငွေပေးချေမှုတွင် ကစ်ပ်နှင့် ဒေါင် အသုံးပြုရာတွင် လွယ်ကူချောမွေ့စေရေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါ သည်။ ပြည်တွင်းငွေသုံးစွဲမှုတိုးချဲ့ခြင်းသည် စီးပွားရေးလုပ်ငန်းများက ငွေပေးချေရန် ရွေးချယ်မှုတွင် ပိုမိုပြောင်းလွယ် ပြင်လွယ်ရှိခြင်း၊ အရောင်းအဝယ်ကုန်ကျစရိတ်များ နည်းပါးခြင်းနှင့် နိုင်ငံခြားငွေလိုအပ်မှုဖိအား လျှော့ပါးသက်သာစေခြင်းတို့ကို ပေးစွမ်း နိုင်ကြောင်းသိရပါသည်။ ကွန်းဖရန့်တွင် ကိုယ်စားလှယ် များသည် ပြည်တွင်းငွေပေးချေမှု ဆက်လက်လွယ်ကူချောမွေ့စေရေးအတွက် အမြင်များနှင့် အကြံ ပြုချက်များ ဝေမျှခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံဗဟိုဘဏ်နှင့် လာအိုဘဏ် PDR တို့သည်လည်း ဒေါင်နှင့် ကစ်ပ်နှင့် အပြန်အလှန်ငွေပေးချေမှု အားကောင်းရန်ရည်ရွယ်၍ MoU ကို ၂၀၂၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)