Main menu

အီသီယိုးပီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၈.၄ ရာခိုင်နှုန်းရှိလာရန် မျှော်မှန်းထား

Powered by Drupal

            အီသီယိုးပီးယားနိုင်ငံ၏စီးပွားရေးသည် ဇူလိုင် ၈ ရက်ကစတင်ခဲ့သော လက်ရှိ အီသီယိုးပီးယား ဘဏ္ဍာရေးနှစ်တွင် ၈.၄ ရာခိုင်နှုန်းကျော် တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးချုပ် Abiy Ahmed က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အီသီယိုးပီးယား ပါလီမန် အောက်လွှတ်တော်မှ အမတ်များ၏ မေးခွန်းများကို ဖြေကြားရာတွင် Abiy က နိုင်ငံ၏ ဘဏ္ဍာနှစ်သည် လွန်ခဲ့သည့် ရှစ်လအတွင်း အဓိက စီးပွားရေးကဏ္ဍများတွင် မှတ်တမ်းတင်ထား သော သိသာထင်ရှားသော အောင်မြင်မှုများကြောင့် မျှော်မှန်းထားသည့် ၈.၄ ရာခိုင်နှုန်းကို ကျော်လွန်သွားနိုင်သည်ဟု ဆိုသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အလုံးစုံစီးပွားရေး ချဲ့ထွင်မှုတွင် သိသိသာသာ အထောက်အကူပြုခဲ့ ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်ဘဏ္ဍာနှစ်တွင် ၂၉ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။ ဝန်ကြီးချုပ်၏ အဆိုအရ အီသီယိုးပီးယားသည် အာဖရိကတွင် ဂျုံစိုက်ပျိုးထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံဖြစ်လာပြီး အလုပ်အကိုင် ၃ သန်းကျော် ဖန်တီးပေးခဲ့ကာ လွန်ခဲ့သည့် ရှစ်လတာကာလအတွင်း ပို့ကုန်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ရရှိခဲ့ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)