
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပတ်ဝန်းကျင်ရှိ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ရွာတော်၊ မယ်ဇလီတော စသည့်ကျေးရွာများမှထွက်ရှိသည့် သကြား ပြောင်းဖူးများ ၂၀၂၅ခုနှစ်၊ မတ်(ပထမပတ်)မှစ၍ ဇေယျာသီရိဈေးအတွင်းသို့ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မတ်လ(တတိယပတ်)တွင် သကြားပြောင်းဖူး(၁)ဖူးလျှင် အကြီးအသေးလိုက်၍ ကျပ်(၂၀၀-၃၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ပထမပတ်)တွင် (၁)ဖူးလျှင် ကျပ်(၄၀၀-၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။ ဒေသတွင်းပြောင်းဖူးစိုက်ခင်းများမှ အထွက်နှုန်းအများဆုံးထွက်ရှိသည့်အချိန် ဖြစ်သည့် အတွက် သကြားပြောင်းဖူးဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။
DOCA(မကွေး)