Main menu

မြင်းခြံမြို့‌ရှိ ကြက်ဥဈေးနှုန်းဈေးကွက်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ဒေသတွင်းစားသုံးမှုမလုံလောက်၍ အခြားဒေသများဖြစ်သော ပြင်ဦး လွင်မြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှဝယ်ယူ၍ ဒေသတွင်းပြန်လည်ရောင်းချလျက်ရှိ သလို ဒေသတွင်းမွေးမြူရေးခြံများမှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

          ကြက်ဥသည် အထက်တန်းလွှာမှစ၍ အခြေခံလူတန်းစားများအထိ စားသုံးမှုများပြီး လွယ်လင့်တကူ ကြော်လှော်ချက်ပြုတ်နိုင်ကာ ခန္ဓာကိုယ်အတွက်လည်း အဟာရဖြစ်စေသော စားကုန်တစ်မျိုးဖြစ်ပါသည်။ လူအများစားသုံးမှုများသည့် ကြက်ဥဈေးနှုန်းများမှာ ယခုနှစ်မတ်လ တတိယပတ်တွင် ကြက်ဥ(၁၀)လုံးလျှင် အကြီးအသေးပေါ်မူတည်ပြီး (၄၂၀၀/၄၅၀၀)ကျပ်များဖြင့် ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အချိန်ဖြင့်ရောင်းချမှုတွင် တစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်လျှင် ကြက်ဥများတစ်ပိဿာလျှင် (၅၀၀)ကျပ်ဝန်းကျင်ခန့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး ဒေသတွင်းကြက်ဥမွေးမြူရေးခြံများ နည်းပါး ၍ အခြားဒေသများမှ ဝယ်ယူရောင်းချရသဖြင့် သယ်ယူစရိတ်နှင့်စားသုံးမှုများလာသောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)