Main menu

မန္တလေးမြို့တွင်း Grape Fruit (ဂရိတ်ဖုသီး) ဈေးကွက်

Powered by Drupal

          မန္တလေးမြို့တွင်းသို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် မိုးကုတ်ဒေသများမှ ဂရိတ်ဖုသီးများ ဝင်ရောက်လျှက်ရှိပါသည်။ ဂရိတ်ဖုသီးများကို ဖျော်ရည်လုပ်၍သောက်သုံးခြင်းအားဖြင့် သွေးတိုး ကျစေပြီး ရာသီဥတုပူလာသည့်အခါ အသက်အရွယ်ကြီးသူများကို ဂရိတ်ဖုဖျော်ရည်တိုက်ခြင်းအား ဖြင့် မောပမ်းမှုဒဏ်ကိုခံနိုင်သည့်အတွက် လူကြီးများနှင့် အထူးသင့်လျော်သည့် ဖျော်ရည်တစ်မျိုး ဖြစ်ပါသည်။ မန္တလေးမြို့တွင်း ဂရိတ်ဖုဈေးနှုန်းဈေးကွက်အနေနှင့် မြစ်ကြီးနားနယ်မှ ဝင်ရောက်သည့် အသီးများမှာ ၂၅ လုံးလျှင် ၁၅၀၀၀ ကျပ်၊ မိုးကုတ်ဒေသမှဝင်ရောက်သည့် အသီးအနေနှင့် ၂၅ လုံးလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ လက်လီဈေးနှုန်းအနေနှင့် တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ် ဈေးနှုန်းနှင့် ရောင်းဝယ်လျှက်ရှိပြီး ဂရိတ်ဖုဖျော်ရည် ၁ ခွက်လျှင် ၅၀၀၀ ကျပ်ဈေးနှုန်းများနှင့် ဈေးကွက်တွင် ရောင်းဝယ်လျှက်ရှိပြီး ယခုရက်ပိုင်းအတွင်း ရာသီဥတုပူပြင်းလာသည့်အတွက် ဂရိတ်ဖုသီးနှင့် ဖျော်ရည်များ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)