
စျေးကွက်အတွင်း ရာသီစာငှက်ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သား မြို့နယ်တို့တွင် ငှက်ပျောသီးအများအပြားစိုက်ပျိုးကြောင်း သိရပါ တယ်။ ဖီးကြမ်း၊သီးမွှေး၊ ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံး တွေ့ရှိရ ပါတယ်။ ငှက်ပျော သီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲ နှင့်မိရိုးဖလာကန်တော့ပွဲများတွင်သုံးစွဲကြောင်း သိရပါတယ်။ မတ္တရာမြို့နယ်ထွက်ငှက်ပျောသီးမှာ အခွံ ထူပြီး၊အရသာမှာ အချိုဓါတ်အနည်း ငယ်လျော့ ကြောင်းနှင့် ကျောက်ဆည်မှ ထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရပါတယ်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျော သီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲ တစ်ပွဲတွင် အုန်းသီးတစ်လုံး နှင့်သုံးစွဲသည့်ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မတ်လစတုတ္ထပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျင်ဖီးကြမ်း(အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင် ငှက်ပျောသီးနှင့်ငှက်ပျောချဉ်သီးမှာ၁၅၀ဝ/-နှင့်၂၀၀ဝိ/-၊ရွှေနီငှက်ပျောသီး(တောင်ငူသီး) မှာ၅၀၀ဝိ/- နှင့်၈၀၀ဝိ/-စျေးတို့ ဖြစ်ပေါ်လျက်ရှိပြီး၊ ရာသီဥတုပူပြင်းလာသည့်အတွက် ရာသီစာအဖြစ် စားသုံး သည့် ငှက်ပျောသီးမှာ သီးနှံစျေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)