
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသည့် နိုင်ငံဖြစ်သည့်အလျောက် ကျောက်ဆည်၊ တံတားဦး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ငါန်းဇွန်မြို့တို့တွင် ဆောင်းရာသီ သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်းနှင့်နေကြာတို့ကို ရိတ်သိမ်းပြီးကြပြီး စားသုံးရန်အတွက် ဆီများကို ကြိတ်ခွဲကြသည်။ ပိုလျှံသည့် မြေပဲ၊ နေကြာနှင့် နှမ်းတို့ကို မန္တလေးမြို့ ပွဲရုံများသို့ တင်ပို့ရောင်းချကြသည်။ နှမ်း များကို ကြိတ်ခွဲရာတွင် တစ်တင်းလျှင်ဆီ(၇/၈)ပိဿာနှင့် နှမ်းဖတ်(၇)ပိဿာ၊ မြေပဲဆံတစ်တင်း ကြိတ်လျှင်ဆီ(၈) ပိဿာနှင့် မြေပဲဖတ်(၈)ပိဿာ၊ နေကြာတစ်တင်းကြိတ်လျှင် ဆီ(၄/၅)ပိဿာ နှင့် နေကြာဖတ်(၆)ပိဿာ အထိထွက်ရှိကြပြီး ဆီကြိတ်ခများကို တစ်တင်းလျှင်(၅၀၀၀)ကျပ် နှုန်းဖြင့် ကြိတ်ခပေးရပြီး ဆီကြိတ်သူတို့မှာ မိမိတို့အိမ်ရှိ ကျွဲ၊ နွားနှင့် ဝက်များအတွက် နှမ်းဖတ်၊ မြေပဲဖတ်များကို ပြန်ယူကြပါသည်။ ယခင်နှစ်က ဆီကြိတ်ခမှာ တစ်တင်းလျှင်(၂၅၀၀)ကျပ်မှ ယခုနှစ်တွင် တစ်တင်းလျှင်(၅၀၀၀)ကျပ်အထိ ပေးရကြောင်း ယခုနှစ်တွင် ဆီကြိတ်သည့် စက်ရုံများမှ နှမ်းဖတ်များကိုဝယ်ယူပြီး မြေပဲဖတ်တစ်ပိဿာလျှင် (၅၇၀၀/၅၇၅၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင်(၄၅၀၀/၄၆၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၃၃၀၀)ကျပ်ဖြင့် ရောင်းချ ကြောင်း ယခင်နှစ်က နှမ်းဖတ်တစ်ပိဿာလျှင်(၃၅၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်းနှင့် ပြည်ပ နိုင်ငံ တရုတ်သို့တင်ပို့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)