Main menu

ဘီးလင်းမြို့နယ်အတွင်းရှိ ရောင်းချနေသော ယိုမျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ၂၀.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊‌ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံရောင်းချနေသည့် စတိုးဆိုင်များရှိ ရောင်းချနေသော ယိုမျိုးစုံတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရောင်းချနေသော ယိုမျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကိုတွေ့ရှိရပြီး ထိုယိုမျိုးစုံတို့သည် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်အပြည့်အစုံပါရှိ၍ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသောကြောင့် စားသုံးသူများမှ ယုံကြည်စိတ်ချစွာ ဝယ်ယူကြကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကိုလည်း အပြည့်အဝတာဝန်ယူသော လုပ်ငန်းများဖြစ်သဖြင့် ရောင်းဝယ်ဖောက်ကားရသည်များမှာ အဆင်ပြေကြောင်း ဆိုင်ရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မွန်)