
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကိုလည်း ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနွေဦးရာသီတွင် ခရမ်းချဉ်သီးများ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ကြောင်း သိရသည်။
ခရမ်းချဉ်သီးကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ခရမ်းချဉ်သီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် (၉) သိန်းခန့် ကုန်ကျကြောင်း၊ တစ်နေ့ခူးဆွတ်လျှင် ခရမ်းချဉ်သီး (၂၀၀) ပိဿာမှ (၅၀၀) ပိဿာထိ ရရှိကြောင်း၊ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဖြင့် ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်အထိ သွားရောက်ရောင်းချပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေရရှိသော ခရမ်းချဉ်းသီးကို နှစ်စဉ်စိုက်ပျိုးကာ တောင်သူများအနေဖြင့် အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)