
ကန်စွန်းဥကို မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥတွင် အမျိုးပေါင်းများစွာရှိပြီး ကန်စွန်းဥအရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြသည်။ ကန်စွန်းဥ ကို သဲမြေ၊ သဲနုန်းနှင့် နုန်းမြေများပေါ်တွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ကန်စွန်းဥကို မိုးရာသီ တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ပျိုးကြသည်။ တစ်တန်းနှင့် တစ် တန်း(၂)ပေကွာ၍ တစ်ပင်နှင့်တစ်ပင် (၁)ပေခြား စိုက်ပျိုးကြသည်။ ကန်စွန်းဥကို စျေးကောင်း လျှင် မရင့်မီအရွယ်ရောက်ဥများကို တူးဖော်နိုင်ပြီး အကောင်းဆုံးမှာ ဥများရင့်သောအချိန်တွင် တူးဖော်နိုင်သည်။ ယခုအခါ ထားဝယ်မြို့အတွင်း ကန်စွန်းဥများ စျေးကောင်းလျက်ရှိပြီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ရှိကြောင်း ကန်စွန်းဥစိုက်ပျိုးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)