Main menu

ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် တရုတ်ကုမ္ပဏီများ မျက်စိကျနေ

Powered by Drupal

           တရုတ်ကုမ္ပဏီနှစ်ခုဖြစ်သည့် စက်မှုဥယျာဉ်စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုနှင့် အခြားလျှပ်စစ် သိုလှောင်ရေးဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီနှစ်ခုတို့သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေရန် စိတ်ဝင်စားမှုကို ၁၉-၃-၂၀၂၅ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ဖနွမ်းပင်မြို့တွင် စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ဝန်ကြီးချုပ်၏ အကြံပေးဖြင့် ရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Hean Sahib နှင့် တွေ့ဆုံစဉ် ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်အားထက်သန်မှုကို ဖော်ပြခဲ့ကြသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား Louis International (Holdings) Co., Ltd. ၏ ဒါရိုက်တာ Billy Tam မှ ဦးဆောင်ပြီး Hubei Cherizon Group Co., Ltd. မှ ဒါရိုက်တာ Sun Fangzhou တို့က ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ရှိကြောင်း၊ စက်မှုဥယျာဉ်စီမံခန့်ခွဲမှုတွင် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချကာ နိုင်ငံရပ်ခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်မှုတို့ကို အလေးပေးဖော်ပြခဲ့သည်။ တွေ့ဆုံပွဲအတွင်း Louis International မှ ကိုယ်စားလှယ်သည် တရုတ်နိုင်ငံတွင်းနှင့်ပြည်ပရှိ စက်မှုဥယျာဉ်များကို စီမံခန့်ခွဲရာတွင် ကုမ္ပဏီ၏ အတွေ့အကြုံများကို မျှဝေခဲ့သည်။ အလားတူ Hubei Cherizon Group ၏ ကိုယ်စားလှယ်သည် ကမ္ဘောဒီးယားတွင် အထူးသဖြင့် လျှပ်စစ်သိုလှောင်မှုအတွက် အကြီးစားဘက်ထရီ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဟောင်းနွမ်းပျက်စီးနေသောဘက်ထရီများကို စုဆောင်းပြီး ပြန်လည်အသုံးပြုခြင်းဖြင့် ဘက်ထရီစွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲရာတွင်လည်း စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ အစည်းအဝေးတွင် Sahib က ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့် အစိုးရ၏ ပံ့ပိုးကူညီမှု မူဝါဒများ အထူးသဖြင့် မကြာသေးမီက စတင်ခဲ့သော ‘Special Program to Promote Investment in Preah Sihanouk Province 2024’ ကို ၂၀၂၅ နှစ်ကုန်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ Lim Heng က ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (CCFTA) နှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) တို့သည် ကမ္ဘောဒီးယားနှင့် တရုတ်ကြား ကုန်သွယ်မှုဆက်ဆံရေးကို များစွာခိုင်မာစေ ကြောင်း အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)